ငိုနေသောသူတို့ သူကြောင့် အငိုတိတ်သွားတယ်.....
ပျော်နေသောသူတို့ သူ့ကြောင့် ပိုပြီးပျော်ရွှင်လာကြတယ်...
ကြမ်းတမ်းသော စိတ်ဓါတ်နဲ့သူတို့ သူ့ကြောင့် နူးညံ့လာကြပြီး
ပျော့ညံ့တဲ့ သူတို့လည်း မာကြောလာကြတယ်.....
မျှော်လင့်ချက်ပျောက်သော သူတို့လည်း သူ့ကြောင့် ပန်းတိုင်တွေရှိလာခဲ့တယ်...
သိပ်ချစ်ကြတဲ့ချစ်သူတွေရဲ့ကြားမှာလည်း သူက အချစ်တွေတိုးစေခဲ့သလို
အသည်းကွဲတဲ့ သူတို့အတွက်လည်း သူကဆေးကောင်းတခွက်ဖြစ်ခဲ့ပြန်တယ်...
အားလုံးရဲ့ ခံစားချက်တို့စုဝေးရာက သူ့ဆီမှာဘဲဖြစ်တယ်....
တကယ်တော့ သူ့ကိုမသိစိတ်က ကိုးကွယ်နေကြတာပါ .....
ငါငိုတဲ့အခါ ၊ ငါပျော်နေတဲ့အခါ
သူ့နဲ့ရင်ဖွင့်တယ်..
ငါဖြစ်ချင်တဲ့အရာ ၊ ငါနေချင်တဲ့အထာ
သူ့ဆီက ရခဲ့တယ်....
ငါနေတဲ့ကမ္ဘာ ၊ ငါသေတဲ့အခါ
သူနဲ့ဘဲရှိနေမယ်...........
.. မရောက်ဖြစ်တာ ကြာပြီ ...
-
ကျနော် ဒီ ဘလော့ကို ပြစ်ထားမိတာ ကြာပြီ..
ဒီ နှစ် တစ်ခြမ်းလုံး ကျနော် အလုပ်တွေ အရမ်း ရှုပ်နေခဲ့မိတယ် ..
ပညာရေး၊ စီးပွားရေး... လူမှုရေး... အချစ်ရေး ... အရာရာနဲ ...
13 years ago
1 comments:
အင်း..ဂီတကို လူတွေတင် မကဘူး အဟိတ် တိရိစ္ဆန်တွေတောင် နှစ်သက်တယ်ဗျ။ ဥစားကြက်တွေကို သီချင်းဖွင့်ပြရင် ဥနုန်းပို တိုးလာတယ်လို့ ဖတ်ဘူးတယ်။ ဟီးးး
ခင်ညားလည်း ဥတိုးချင်ရင် များများ နားထောင်ဗျာ။။
ချိတ်ချိုးနဲ့နော်..
သီချင်းချစ်သူမို့လို့ပါ။
Post a Comment